တိမ်တိုက်ပေါ်က သရဲသဘက်
ဇစ်တစ်ခုကို ဆွဲဖွင့်လိုက်တော့ သူ့ကိုယ်သူ အဆုံးစီရင်ထားပြီးသား မီးရထားတစ်စင်း ခေါင်းထိုးဝင်လာတယ်။ အထဲမှာ ငိုသံ ချွေးနံ့ အမည်မဖော်လိုသောစက္ကန့်များရဲ့ အစာအိမ်အံသွားများနဲ့ သန်မာသော လက်ဖျံရိုးတစ်ချောင်း သြော် ငါ ဘာတွေပြောနေမိပါလိမ့် ။ နွေရက်များနဲ့ ကြုံခဲ့ဖူးတယ် သူ့ပုံပြင်တွေကလည်း ကြေကွဲစရာပါ အိပ်ရေးမဝရှာတဲ့ ပန်းခြံတွေထဲက လောင်းရိပ်မိနေတဲ့ တနင်္ဂနွေလို ဆွံ့အ ကျွန်တော့်မှာ ပြောစရာစကားမရှိတော့ ငိုခြင်းက ရက်ရှည် ဒီအခွင့်အရေးများထဲက ရှောင်ထွက်ပါ ။ အမေရေ သားကလည်း သားပါပဲ ညနက်ကြီးထဲမှာ သီချင်းအော်ဆို ဆဲရေးတိုင်းထွာ ကျွန်တော့်ကို အိမ်ပြန်ပို့ပါတော့ ပြည်လမ်းမကြီးရယ် . . . .။
ဇော်ဝင်းတင့် အမှတ်(၂) ပဉ္စမမျိုးဆက်ဖိုင်တွဲ(၂) 1992-93
Labels: ဇော်ဝင်းတင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home