ဝေးချင်း
လမင်းသည်
ခွဲခွာခြင်းအင်္ကျီကို
တွဲသီဝတ်ဆင်၍
ပင်လယ်ပြင် တစ်ဖက်စွန်းမှ
နှုတ်ခွန်းဆက်လာသောအခါ
ကဗျာသည် ညတွင်ကင်းခဲ့၏ ။
အချစ်ဆုံး သူ ချန်ထားရစ်သော
တစ်ဆစ်တစ်ပိုင်း အေးမြမှုသည်
အတုလုပ် ကျွမ်းကျင်သူထံမှ
ကဗျာတစ်စကို ယူငင်ကာ
ဟန်ဆောင်မျှသာ ဖြစ်သော
နစ်မျောဖွယ်တေးသံကို
ဝဲပျံလွင့်ပါးစေပြီး၍....။
ဘာမှမဟုတ်သော
အဖြူရောင်စာမျက်နှာများပေါ်မှ
ဝါကျင့်ကျင့်အလင်းရောင်တို့
မမှောင်ခင် အမိဖမ်း၍
လမ်းပျောက်သူတို့တွေ့စေရန်
စီမံစိုက်ထူထားသော ဘ၀မှတ်တိုင်များ
နှလုံးသားတွင်းသို့ ပြေးဝင်ပျောက်သွားရာ
ဘယ်မှာ ဘယ်မှရှာမရသော
ဘ၀ရတနာသည် ပြာမျှသာ
ဖြစ်ချေ၏ ။
ဟိုဘက်ကမ်းသို့ ပြန်တော့မည်
မျက်ရည်မစို့ကြနှင့် ။
ဇော်ဇော်အောင်
Labels: ဇော်ဇော်အောင်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home