ဖျောက်ဆိပ်ကြယ်
ဇာတ်လမ်းကို အဆုံးသတ်ဖို့ထက်
ဇာတ်လမ်းကို စရတာ ခက်တယ် ။
ဘာလို့များ
အငြိုးကြီးနေရတာလဲ မိုးရဲ့ ။
ဖန်ခွက်တစ်လုံးကတော့
အစိမ်းသေပြီ ။
ဆုတ်ခွာရမယ့် လမ်းလည်း
ရေတဖွေးဖွေး ။
ကြက်မွှေးနဲ့ ကြက်ခိုးလို
တစ်ဦးအလစ် တစ်ဦးချောင်းနေရတဲ့ ခေတ်ထဲ
စိုသော လက်လည်း မခြောက်တော့
အမှတ်တရပေါ့
ဒီကဗျာကို ရေးပါတယ် ။
ခင်ဇော်မြင့်
Labels: ခင်ဇော်မြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home