အင်္ဂါနေ့ရိုက်ကွင်း
အဝီစိရေချိုး
ထမင်းစား
သွားကြားထိုး
စံပယ်ပန်းတွေပွင့်မပွင့်ကြည့်
ပြီးရင်ပန်းခြံထဲလမ်းလျှောက်ရဦးမယ်မဟုတ်လား။
မပျော်မွေ့ခြင်းများကိုချုံ့လို့
ဂျုံလိုပြုံးထားချင်တယ်
လေသေနတ်တွေတာစားနေတဲ့ခေတ်
ကျွန်တော့်အပြုံးကညစ်ကျယ်ကျယ်နိုင်လိမ့်မယ်
နေမင်းကိုတကူးတကမှန်ထိုးကြည့်ကြတယ်
သူ့ခြေကျင်းဝတ်မှာရွှေဆွဲကြိုးလေးမရှိရှာတော့ဘူး
ဒီလိုပါပဲ
မီးရောင်တွေကြားမှာ
ဇာတ်လိုက်ဟာအထီးကျန်ဆန်ခဲ့ရ ။
ခင်ဇော်မြင့်
Labels: ခင်ဇော်မြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home