24 November, 2015

တန့်ကြည်တောင်


ဇာတ်လမ်းအရ
တောနဲ့တောင်က အချိတ်အဆက်မမိလေတော့
စကားဝါပင်လို တိတ်တိတ်ကြွေနေရကြောင်း
ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းလို တိတ်တိတ်နေနေရကြောင်း
မြစ်မင်းကို မှန်ထောင်ပြမိတယ်။

ရင်ပြင်တော်ပေါ်မှာ
ကလေးလေးတွေက လေယာဉ်ပျံရှပ်ထိုးကစားလို့။

အစီအစဉ်အရ
နေရောင်က ငါးတစ်ကောင်ကို ဆလိုက်ထိုးမပြတော့
စိတ်နဲ့
စေတီဟောင်းကို ထုံးဖြူဖြူသုတ်ပြီးကြောင်း
ခြေတော်ရာကို ရွှေအတိချပြီးကြောင်း
မြစ်မင်းကို မှန်ထောင်ပြရင်း
ရနံ့တစ်ခု၏ တစ်နေ့တာ
ကျောက်သားမှာ မှင်ပြာနဲ့ ရေးခဲ့တယ်။ ။

ခင်ဇော်မြင့်
မြားနတ်မောင် မတ် ၁၉၉၉

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home