03 October, 2015

ဟိုတယ်ကယ်လီဖိုးနီးယား


မိန်းမတစ်ယောက်နဲ့ လိင်ဆက်ဆံရတာ
ကဗျာတစ်ပုဒ်ရေးနေရသလိုမျိုး

ဓားကို အတောင့်လိုက် မီးမြိုက်တယ်

ငါလည်း ယောက်ျားတစ်ယောက်ပဲ
မင့်ကျည်ဆန်က ငါ့ကို မြိုတယ်

ငလျင်လှုပ်တော့မှပဲ
မြေအောက်ရေပိုက်လိုင်းတွေကို မြင်ဖူးတော့တယ်
မင်း ဘယ်တော့မှ ဝမ်းမနည်းနဲ့

မီးရထားခေါင်းတွဲများ အော်သံပေးပြီး
ဘူတာရုံမှ ထွက်ခွာသွားတဲ့အကြောင်း
မနက်ဖြန် သတင်းစာထဲမှာ ပါလိမ့်မယ်

သက်တံ့တွေ အရောင်မဖြစ်သေးခင်
နှုတ်ခမ်းပေါ်က သွေးစက်ကို လျှာနဲ့လျက်လို့
မင်းအတောင်ပံတွေကို ဖြည်ချလိုက်ပြီပေါ့ ။

ဒီဝသုန်ခက်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home