ဘယ်သူမှမရောက်ကြသေးဘူး
ခြောက်နာရီထိုးသွားပြီ
မနက်နဲ့ညနေဆိုတာနာရီရဲ့ကိစ္စ
ဘယ်လိုပဲချိုးချိုးခေါက်ရိုးမကျိုးတာဘ၀တဲ့
ချစ်သူတွေရိုက်ကွင်းထဲအမုန်းတွေဖြတ်လျှောက်မလုပ်နဲ့။
ကိုယ်ကတော့
ကိုယ့်ရင်တစ်ခုလုံးတထောင်းထောင်းထအောင်ဖြတ်မေင်းသွားတဲ့
ပန်းနုရောင်မလေးရဲ့အကြောင်းရိုးရိုးကိုပဲ
တစ်မိုးလုံးအသံရှာပြီး
နွေရာသီအထိမော့သောက်နေတော့မယ်။
ဌေးကြည်(စလင်း)
No comments:
Post a Comment