02 June, 2015

တံငါသည်


ငရဲခန်းတွေ ဖိစီးခဲ့သမျှ
ငါတို့ နှလုံးသားရှေ့က စိန်ပန်းပင်ကတော့
လိပ်ပြာလှလှလေး တစ်ကောင်ပေါ့

ဟောဟိုက……
ဝင်းမှည့်နေတဲ့ မြေနုကျွန်းကလေးကို ခူးဆွတ်ဖို့
မြင်နေကျ ရှု့မျှော်ခင်းများရဲ့ ပဲ့တင်သံမှာ
နေ့တစ်နေ့ကို ခိုစီးရင်း
ပင်လယ်ကို ဆွဲတင်ရင်း
ကျီးကန်းတွေက မုန်တိုင်းယောင်ဆောင်ခဲ့ပြီ

ဟိန်းမြတ်ဇော်
ပိတောက်ပွင့်သစ် ။ စက်တင်ဘာ ။ ၁၉၉၅

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home