ငါကန္တရ ၂၀၀၁
ကိုယ့်ဆူးတွေ ကိုယ်ပြန်စူးနေတဲ့
နွေခေါင်ခေါင် ကန္တာရသစ်ပင်တို့
ပေါက်ရောက်ရာ နေရာပါ…
ဘယ်လိုမှ အိမ်အပြန် မျက်နှာပန်း လှမှာမဟုတ်
အက်ကွဲ ခြောက်သယောင်းနေတဲ့ ရင်ခွင်ကလည်း
ဘယ်သူ့အတွက်မှ ကြည့်ပျော်မရှိ
သဲပြင်က ပင်လယ်လို ကူလီကူမာမရှိလည်း
လူတွေအိပ်ချိန်ရောက်မှ
အမှုန်လေးတွေ ပျံ့ကျဲခွင့်ရတာတောင်
“ညမုန်တိုင်းသို့ အိပ်ဖွင့်ပေးစာ” ဆိုပြီး
ငါ့ ရက်စက်မှုကို
လူတွေက ပိုမိုခမ်းနားပြနေကြသေး
ကျော်အောင်သစ်
အလင်္ကာ၊ ဩဂုတ်လ ၂၀၀၁။
Labels: ကျော်အောင်သစ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home