Showing posts with label မိသားစု ။ အောင်ချိမ့်. Show all posts
Showing posts with label မိသားစု ။ အောင်ချိမ့်. Show all posts
မိသားစု - ၃
နူးညံ့တယ်၊ရက်စက်တယ်
လက်တွေ့ ကျတယ်၊နာကျင်တယ်၊
ကျွန်တော်ရခဲ့တယ်။
ခိုင်းခဲ့ တယ်၊ကျွန်ပြုတယ်၊
ကာမပိုင်တယ်၊အတူအသက်ရှင်တယ်
ကျွန်တော်ရခဲ့တယ်။
မောင်းခဲ့တယ်၊တကိုယ်ကောင်းဆန်တယ်။
နောက်လိုက်လုပ်ခဲ့တယ်၊ အရှုံးတရားခံ ဖြစ်တယ်၊
ကျွန်တော်ရခဲ့တယ်။
ကံမကောင်းမှု
တိမ်းစောင်းမှုနဲ့ 
နေ့ ကောင်း ရက်ကောင်းလေး
နည်းနည်း
ကျွန်တော်ရခဲ့တယ်။
သင်တို့အားလည်းကောင်း
များများနေ့ကောင်းရက်ကောင်း ရစေကြောင်း။
အောင်ချိမ့်
မိသာစု - ၂
မိသားစုဟာရှိခဲ့တယ်။
မြို့ များရှိခဲ့တယ်။
လမ်းများရှိခဲ့တယ်
မရေမရာနေ့တွေ တောက်လျှောက်ရောက်လာမြဲ
နေ့တွေမှာ
ကျွန်တော်တို့ ဟာ
သေသေချာချာ ရှိခဲ့ပါတယ်။
လမ်းများမှာ
လမ်းများ မဆုံး။
ဟိုးက......
မြို့သစ်ရဲ့ လမ်းတလမ်း
အိမ်လေးတစ်လုံးထံ
ကျွန်တော်ဟာ မှန်မှန်
အိမ်ပြန်လာပါတယ်။
သင်တို့ အား၎င်း
မှန်မှန် အိမ်ပြန်လာစေကြောင်း......။
အောင်ချိမ့်
မိသားစု - ၁
တစ်ယောက်နဲ့ တစ်ယောက်မှ
၂ယောက်၊ ၃ယောက်
ငါတို့ မှာ  ၃  ယောက်။
ထမင်းဝိုင်းမှာ ၃ ယောက်စာ
၃ ယောက်သာ
ထမင်းစား ပန်းကန်ပြား
၃ချပ်။
သမီးရယ်၊ဇနီးရယ်
ငါရယ်၊ ၃ယောက်သား
မတော်တဆ ထိခိုက်မှုမှ
ဂီတသံ ထွက်ပေါ်လာမှု
လူ့ အဖွဲ့ အစည်းထဲ
စာရင်းဇယား တစ်ခု။
ငါတို့မှာ
ငါတို့ မှာ
ပျော်ရွှင်ယောင်ဆောင်ခဲ့ သလား။
သင်တို့ အားလည်းကောင်း
တကယ်ပျော်ရွှင်ပါစေကြောင်း။
အောင်ချိမ်