မိသာစု - ၂
မိသားစုဟာရှိခဲ့တယ်။
မြို့ များရှိခဲ့တယ်။
လမ်းများရှိခဲ့တယ်
မရေမရာနေ့တွေ တောက်လျှောက်ရောက်လာမြဲ
နေ့တွေမှာ
ကျွန်တော်တို့ ဟာ
သေသေချာချာ ရှိခဲ့ပါတယ်။
လမ်းများမှာ
လမ်းများ မဆုံး။
ဟိုးက......
မြို့သစ်ရဲ့ လမ်းတလမ်း
အိမ်လေးတစ်လုံးထံ
ကျွန်တော်ဟာ မှန်မှန်
အိမ်ပြန်လာပါတယ်။
သင်တို့ အား၎င်း
မှန်မှန် အိမ်ပြန်လာစေကြောင်း......။
အောင်ချိမ့်
Labels: မိသားစု ။ အောင်ချိမ့်, အောင်ချိမ့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home