19 August, 2015
မိသားစု - ၁
တစ်ယောက်နဲ့ တစ်ယောက်မှ
၂ယောက်၊ ၃ယောက်
ငါတို့ မှာ  ၃  ယောက်။
ထမင်းဝိုင်းမှာ ၃ ယောက်စာ
၃ ယောက်သာ
ထမင်းစား ပန်းကန်ပြား
၃ချပ်။
သမီးရယ်၊ဇနီးရယ်
ငါရယ်၊ ၃ယောက်သား
မတော်တဆ ထိခိုက်မှုမှ
ဂီတသံ ထွက်ပေါ်လာမှု
လူ့ အဖွဲ့ အစည်းထဲ
စာရင်းဇယား တစ်ခု။
ငါတို့မှာ
ငါတို့ မှာ
ပျော်ရွှင်ယောင်ဆောင်ခဲ့ သလား။
သင်တို့ အားလည်းကောင်း
တကယ်ပျော်ရွှင်ပါစေကြောင်း။
အောင်ချိမ်
Labels: ,
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home