03 January, 2022

နွေဦးတရားခံ

သစ်ရွက်တွေ ကြွေတာ
ဟောဒီ နွေပေါ့။
ဆောင်းကြောင့်
အအေးကြမ်းကြောင့်
အရွက်တွေ ရင့်ရော်လာတာများ
သည်ကောင့်အပေါ် ပုံချထားခဲ့ကြပေါ့။

သည်ကောင်ကလည်း
အနေအထိုင်မတတ်
လေရူးဂီတနဲ့
ဖွဖွညင်းညင်း
သီချင်းဆိုခဲ့မိသကိုးကွဲ့။

ညီဘွား
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ ၁၉၉၉၊ စက်တင်ဘာလ

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home