08 October, 2021

ပေါင်မုန့်အကြောင်း စဉ်းစားတော့

ပေါင်မုန့်အကြောင်း စဉ်းစားတော့
နေပူစပ်ခါး ရယ်သံတွေကို ကြားရတယ်။
နေပူစပ်ခါး ရယ်သံတွေအကြောင်း စဉ်းစားတော့
ချွေးသံရဲရဲ လူတွေကို တွေ့ရတယ်။
ချွေးသံရဲရဲ လူတွေအကြောင်း စဉ်းစားတော့
သေရေးရှင်ရေးနေ့တွေကို မြင်ရတယ်။
သေရေးရှင်ရေး နေ့တွေအကြောင်း စဉ်းစားတော့
တောကြီးမျက်မည်း ညတွေကို တွေ့ရတယ်။
တောကြီးမျက်မည်း ညတွေအကြောင်း စဉ်းစားတော့
ပေါင်မုန့်တလုံးရဲ့ ရယ်သံကို ကြားရတယ်။ ။

အိုအောင်
(၁၉၉၈)

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home