ဆားတစ်ပွင့်ဆီကစာ
မင်းစွန့်စားမယ်ဆိုတော့ ငါတိတ်တဆိတ်ငေးကျန်ရစ်တယ်
မင်းစွန့်လွှတ်တော့ ငါရှက်စိတ်နဲ့စကားလုံးတွေကျကွဲသွားတယ်
မင်းလွမ်းဆွတ်တော့ ငါကြေကွဲနေတယ်
မင်းသတိရတော့ ငါတမ်းတနေတယ်
မင်းငိုရင်ငါရှိုက်မိမှာ
မင်းဖျားတော့ ငါနာရတယ်
မင်းဒဏ်ရာရတော့ ငါ့မှာနာကျင်ရပါတယ်
မင်းကျဆုံးရင် ငါကြွေလွင့်သွားမှာ
မင်းက တောထဲတောင်ထဲသင်တန်းကို ပင်ပန်းတယ်လို့မထင်
ငါက မင်းလမ်းပေါ် ခြေရာမထင်
မင်း ဖက်ရွက်ပေါ်က ထမင်းကို အားရပါးရစားနေတာမြင်တော့
ငါ့ ပန်းကန်ထဲက ထမင်းက ငါ့လည်ချောင်းမှာတစ်နေတယ်သူငယ်ချင်း
မင်းတို့ မိုးထဲရေထဲ မလုံမခြုံအိပ်စက်ရတော့
ငါ မွေ့ယာပေါ် ပူလောင်နေတာပါ
အိပ်မရတဲ့ညတွေကို ကဗျာရေးပစ်တယ်
ကဗျာရေးလို့မရတဲ့နေ့တွေကို ပန်းချီရေးပစ်တယ်
တောင်ခြစ်မြောက်ခြစ်ပန်းချီမဖြစ်မှန်းသိတယ်
ပန်းချီမဖြစ်တဲ့ပန်းချီတွေကို အားပေးရင်း

အားဆေးတိုက်နေတဲ့မိတ်ဆွေတွေကိုလည်းကျေးဇူးတင်တယ်
ငါ့ အားဆေးတွေနဲ့ မင်းကိုအားမွေးပေးချင်တာပါ
မင်းကချောက်ကမ်းပါးအစွန်းမှာ
ခါးမှာကြိုးချည်ပြီး တစ်ဖက်ကမ်းကိုခုန်ကူးဖို့ကြိုးစားနေတယ်
မင်းသွယ်တန်းတဲ့ကြိုးတန်းနဲ့ အားလုံးကိုလွတ်မြောက်စေဖို့တဲ့
မင်းသွယ်တန်းတဲ့ကြိုးတန်းကို ငါဘယ်လိုစိတ်နဲ့ ကူးရက်ပါ့မလဲ သူငယ်ချင်း
ငါတိတ်ဆိတ်နေတယ်ဆိုတာလည်း
တိတ်တဆိတ်တော်လှန်နေတာပါပဲ
ဟင်းလေးအိုးကြီးထဲ
ဆားတစ်ပွင့်ခပ်လိုက်တာပါပဲ
ဒီစာ မင်းဖတ်စေချင်လိုက်တာ
ဒီစာ ငါပို့နိုင်ပါ့မလား
ဒီစာ မင်းဖတ်ရပါ့မလား
ကိုရွေး

၂၇ ၉ ၂၀၂၁
Labels: ကိုေရြး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home