06 March, 2020

အဖေ ၅ (ကွယ်လွန်ခြင်း၁၇နှစ်ပြည့် မနက်ဖြန်သို့)

တစ်ချို့နေရာတွေမှာ
အချိုးမပြေတာတွေမြင်ရ
စိတ်အလိုမကျတာတွေ့ရတော့
ရိုက်လည်း အသားနာရုံပဲရှိမယ်
အရိုးကြေသွားလည်း
ကိုယ့်အဖေကိုတော့ ကိုယ်ဘယ်တော့မှ အချစ်မပြယ်
အဲဒါ အဖေ့သမီး
အဖေ့သမီးလေ
အဖေ့သမီးဆိုတော့ အဖေ့စိတ်လိုပဲပေါ့
ငါဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ရိုက်မလို့လား
ကိုယ့်အဖေကိုယ် ပြန်သတ်မလို့လား ။ ။

စိုင်းဝင်းမြင့်
၃၃၂၀၂၀

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home