တနင်္လာနေ့ တောလမ်းကလေး
မမြင်ရတဲ့မင်နဲ့ရေးထားတဲ့ ဖြစ်တည်မှုထဲ
ဘဝဟာ ဆူးတွေ တန်းလန်းနဲ့ စိမ်းစို
တံလျှပ်တွေက ယုန်ကလေးတွေဖြစ်တော့
တောင်ခြေကုန်းမြင့်တစ်ခုလုံး ပျော်စရာစီးဆင်း
ချုံပုတ်တွေ ဖြစ်တဲ့အခါ အသက်ရှုသံအမှောင်တွေ
တဖွဲဖွဲ လေးလံပိကျ
ပျားရည်စုပ်ငှက်ကလေးရဲ့ အသံအိုးပေါ်ပူနွေးတဲ့
ကြိုးကိုတုန်ခါရင်း
သရက်ကင်းရနံ့တွေ အော်ခေါ်ချင်သေးလို့။ ။
မောင်ဆေးရိုး
စတိုင်သစ် မဂ္ဂဇင်း
မတ် ၂၀၀၂
Labels: မောင်ဆေးရိုး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home