27 June, 2017

စာပို႔သမား

သမိုင္းစာအုပ္ေပ်ာက္မွာထက္
ျပဇာတ္စာအုပ္ေလးေပ်ာက္မွာကို
စာပို႔သမား ပိုေၾကာက္ေနပါတယ္

သူ႕အက်ႌရင္ဘတ္ေပၚက
ကြက္ေနတဲ့ ေရေမႊးကို
လမ္းတစ္ဖက္တစ္ခ်က္ တိုက္ေတြေပၚကေန
လွမ္းျမင္ေနၾကရပါတယ္

ေက်ာင္းဆရာ၊ ရဲ
ပန္းပုဆရာ၊ ေဗဒင္ဆရာနဲ႕
ကေခ်သည္တို႕က
ေရွ႕ဆင့္ေနာက္ဆင့္
ျမင္မိလိုက္ၾကတာပါ

တစ္ေယာက္ကိုတစ္ေယာက္လည္း
ျမင္သြားၾကပါေသးတယ္
သူ လမ္းထဲဝင္လာတာနဲ႕အမွ်
ေရေမႊးကြက္ဝိုင္းဝိုင္းေလးကို
ပိုထင္ရွားစြာ ျမင္လာၾကရပါတယ္

ေနက
တျဖည္းျဖည္းဝင္ေနပါတယ္

ေအးေအးလူလူ လမ္းေလွ်ာက္ေနသူမ်ားနဲ႕
မေဟာင္ေအာင္ ေလ့က်င့္ေပးထားတဲ့ ေခြးမ်ား

စာပို႔သမား အိမ္ျပန္လာတာပါ
ျပဇာတ္စာအုပ္ေလးကို သူေရးတာပါ။

ဟံလင္း
27. 6. 2017



[Unicode]


စာပို့သမား

သမိုင်းစာအုပ်ပျောက်မှာထက်
ပြဇာတ်စာအုပ်လေးပျောက်မှာကို
စာပို့သမား ပိုကြောက်နေပါတယ်

သူ့အကျႌရင်ဘတ်ပေါ်က
ကွက်နေတဲ့ ရေမွှေးကို
လမ်းတစ်ဖက်တစ်ချက် တိုက်တွေပေါ်ကနေ
လှမ်းမြင်နေကြရပါတယ်

ကျောင်းဆရာ၊ ရဲ
ပန်းပုဆရာ၊ ဗေဒင်ဆရာနဲ့
ကချေသည်တို့က
ရှေ့ဆင့်နောက်ဆင့်
မြင်မိလိုက်ကြတာပါ

တစ်ယောက်ကိုတစ်ယောက်လည်း
မြင်သွားကြပါသေးတယ်
သူ လမ်းထဲဝင်လာတာနဲ့အမျှ
ရေမွှေးကွက်ဝိုင်းဝိုင်းလေးကို
ပိုထင်ရှားစွာ မြင်လာကြရပါတယ်

နေက
တဖြည်းဖြည်းဝင်နေပါတယ်

အေးအေးလူလူ လမ်းလျှောက်နေသူများနဲ့
မဟောင်အောင် လေ့ကျင့်ပေးထားတဲ့ ခွေးများ

စာပို့သမား အိမ်ပြန်လာတာပါ
ပြဇာတ်စာအုပ်လေးကို သူရေးတာပါ။

ဟံလင်း
27. 6. 2017

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home