အဆင်မပြေမှုကို ကြမ်းခင်းထားတာပါ
မသာယာမှုကို သွပ်မိုးထားတာပါ
နေ့စဉ် ဝမ်းနည်းစာတွေ စားသောက် ရှင်သန်ရင်း
ညစဉ် သုခချမ်းသာကို ကျိန်တွယ် ရွတ်ဆိုရင်း
အာဝေနိကကို ဝမ်းနဲ့ လွယ်ထားတာပါ
ဒုက္ခသစ္စာကို ကျောနဲ့ ပိုးထားတာပါ
တစ်ယောက်ကို တစ်ယောက် ရှာရင်းဖွေရင်း
တစ်ယောက်နဲ့ တစ်ယောက် ရှောင်ရင်းတိမ်းရင်း
နေ့စဉ်မှတ်တမ်းတွေ ပြည့်ပြည့်လာတဲ့ စာအုပ်ပါ
အရေးအကြောင်းတွေ တိုးတိုးလာတဲ့ ခန္ဓာပါ
မိခင်က ပျောက်တဲ့သားငယ်ကို ရှာဖွေရင်း
သားငယ်က ပျောက်တဲ့ မိခင်ကို ရှာဖွေရင်း
တစ်လှမ်းချင်း တစ်လှမ်းချင်း ဝေးကွာသွားတဲ့ ဇာတ်လမ်းပါ
တစ်ခန်းချင်းတစ်ခန်းချင်း ကူးပြောင်းသွားတဲ့ ဇာတ်ရုပ်ပါ
ငြိမ်သက်ရင်း .... ငေးမောရင်း ...
မိန်းမောရင်း ... တွေဝေရင်း ...
အချစ်အလွမ်း တရားစခန်းများနဲ့
ဘဝ ဟာသ အရှုပ်တော်ပုံ
တစ်နေ့တာ ဖူလုံပါစေသား ။
သားဦး
idea magazine, June , 2012
No comments:
Post a Comment