ကြွေဆဲပန်းပွင့်များ
ရိုးတံမှာ ပြန်လည် မခန့်ညားမီ
ခြင်နဲ့ ခြင်ဆေးခွေလို
ငါတို့ ငြိမ်းချမ်းကြစို့လား
တကယ်တော့
ပန်းသီးလေးတစ်လုံးမှာ အပြစ်မရှိခဲ့ပါဘူး
သွားလေသူ ဥသြငှက်တွေရဲ့
ရှည်လျား ဆွတ်ကျင်တဲ့ အလွမ်းထဲ
အလိုဆန္ဒတွေ အေးခဲမသွားရလေအောင် ခပ်ဆတ်ဆတ်ရိုက်ဖွာရင်း
လှုပ်ခတ်လာတဲ့ ဒီရေအတိုင်း
ဘဝကို ကိုယ်ဖော့ ပေါလောမျောမိ
ငါတို့ဟာ
သဘာဝလွန်ဖြစ်ရပ်တွေထဲက
ကာလတန်ဖိုး သတ်မှတ်လို့ မရတဲ့လူငယ်
စပါးလုံးတစ်ထောက်စာ စိတ်ကူးများနဲ့
ကိုယ့်အဆိပ်ကိုယ် ပွတ်သပ်ရင်း ။
ကိုသျှပ် (ကန့်ဘလူ)
idea magazine, June , 2012
No comments:
Post a Comment