သတိရခြင်း

ဖတ်ပြီးသား မဂ္ဂဇင်းတွေ
ပြန်ဖတ်မယ်
ကြည့်ပြီးသား မင်းဓာတ်ပုံကို
ပြန်ကြည့်မယ်
အလွမ်းဟာ စက်ဝိုင်းတစ်လျှောက်
ဒီနေရာကိုပဲ ပြန်ရောက်ရဲ့
လေတိုက်ခတ်နေပုံဟာ ဟိုအရင်
ဆယ်နှစ်ကျော်ကလိုပဲ ခံစားချက်
ကင်းမဲ့သူကို
အဓိပ္ပာယ်မဲ့စေသလို
ခံစားတတ်သူတွေကို ဆွတ်ပျံ့
လှိုက်မောစေခဲ့
ငါ ရှုံးခဲ့တယ်
ငါရှုံးခဲ့တဲ့ အရှုံးကို ပြန်နွှေးမယ်
နွေးလာရင် ညစာစားမယ်
အသံတွေ အားလုံး
တိတ်ဆိတ်သွားရင်လေ
ငါတို့အတူ မော့ကြည့်ဖူးတဲ့
လမင်းကို မော့ကြည့်မယ်
ငါတစ်ယောက်တည်း ။ ။
‪
နေမျိုး‬

No comments:

Post a Comment