13 June, 2016

ဆိပ်ကမ်းမြို့

သင်္ဘောကျောက်ဆူးနဲ့
ကျောက်ဆူးကြိုးတွေ တွေ့ရလို့
ဆိပ်ကမ်းမြို့ဖြစ်ခဲ့ကြောင်း ခိုင်မာခဲ့တယ်
လမ်းဘေးမှာ ဘယ်သူပစ်ထားမှန်းမသိတဲ့
ဖိနပ်ဟောင်းတစ်ရန် တွေ့မိလို့
စီးကြည့်လိုက်တာ ငါနဲ့အတော်ပဲမို့
မချွတ်တော့ဘဲ ဆက်စီးလာခဲ့တယ်
လျှောက်ရင်းလျှောက်ရင်းကနေ တဖြည်းဖြည်း
ပြေး ငါ တအားပြေးခဲ့တယ် ။ ။

ဟံလင်း
၂၉ ၊ ၁၂ ၊ ၂၀၁၄

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home