ပင်လယ်

သူမဟာ ပင်လယ်
လှုပ်ရှားတယ် ရှင်သန်တယ် စီးဆင်းတယ်
သူမဟာ ပင်လယ်
ငါ့ကို ငါးတွေပေးတယ် ငါ့ကို ပုလဲတွေပေးတယ်
ငါ့ကို ဒ ဏ္ဍာရီထဲက ကျောက်တုံးတွေပေးတယ်
ငါ့ကို သင်္ဘောပျက်တွေပေးတယ်
ငါ့ကို ပင်လယ်ဓါးပြအရိုးစုတွေပေးတယ်
ရွှေဒဂါင်္းလည်း နည်းနည်းပေးတယ်
သူမဟာ ပင်လယ်
ငါ့ကို လူးလာ စုန်ဆန် ကူးခတ်စေတယ်
ရဲ့ဝံ့စေတယ်
နယ်မြေသစ်တွေဆီ ရောက်ရှိစေတယ်
သူမဟာ ပင်လယ်
တနေ့မှာ ငါ့ကို နစ်မြုပ်စေတယ်
သူ့ရဲ့နက်ရှိုင်းတဲ့ ရေအောက်ကြမ်းပြင်မှာ
သူမဟာ ပင်လယ်
ငါ့ကို အမြဲသိမ်းဆည်းထားလေတယ်။

နေမျိုး

No comments:

Post a Comment