13 June, 2016

ကောင်းကင်

ရေကပက်ထုတ်လိုက်တဲ့ နေရောင်

မြောင်းမြဟာ
ငါ့မျက်နှာပေါ်ဘောင်ဗင်ခတ်လို့

ညနေငန်းအုပ် ...တဖိတ်ဖိတ်လက်ဗေဒါပွင့်များ
အတောင်ပံနဲ့ လူတစ်ချို့ကျောကုန်းပေါ်က မြစ်
ငါတရွတ်တိုက် မျော ပါ သွား ရာ ...

၁ ၉ ၉ ၅
ဇန်နဝါရီကို တံခါးဖွင့်ကြည့်လိုက်တယ် ၊
ရိတ်သိမ်းကြ -
အရှင်လတ်လတ် နွံထဲကကောင်းကင် ။        ။

မောင်သိန်းဇော်
( ၁၉၉၅ )

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home