13 June, 2016

မိမိခြေသံကို ရေတွက်ခြင်း

အခန်းထဲဝင်လာပုံက
သစ်ရွက်ကြွေသလိုပဲ။
ရောဂါရနေပြီလား . . . တဲ့။
ဝမ်းသာစကား၊ နှစ်တစ်နှစ်
အိပ်မက်တစ်ခု၊ ရုပ်ရှင်ရုံတစ်ရုံ
ချစ်လွန်းလို့ အော်ဟစ်ဆဲဆိုပုံကို
ငါကိုယ်တိုင်ကြုံဖူးတယ်လို့ဆိုပါ။
ဘယ်ကပြန်လာလဲ
ဘယ်သွားမလို့လဲ
ထမင်းစားပြီးပြီလား
ခရီးသွားဟန်လွှဲပဲ့တင်။
တစ်နေဝင် တစ်ခေတ်ကုန်
မြန်လွန်းတဲ့ စကြဝဠာ။
မသိဘူး
ဘာမှမသိချင်ဘူးအမေရယ်
ငယ်ငယ်တုန်းကလို
ခဲဖျက်ဟာ အသုံးဝင်ပါစေတော့။

လှသန်း

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home