လွမ်းလို့ရေးတဲ့ကဗျာ
ညအိပ်ရာဝင်ချိန်တိုင်း
ငါခေါ်ဖူးတဲ့ဖုန်းသံတွေ
နင့်နားစည်ထဲတစ္ဆေလိုခြောက်ပါစေ။
ငါလက်ဆောင်ပေးခဲ့တဲ့
ကဗျာရွတ်သံတွေအစား
ဆူပူကြိမ်းမောင်းသံတွေပဲနင်ရပါစေ။
နင့်ဘဝအောင်မြင်ပါစေ
နင့်အချစ်ကျရှုံးပါစေ
ဒီကဗျာဖတ်မိရင်
နင့်မျက်လုံးတွေကန်းပါစေ။ ။
ပြေညိမ်းမိုဃ်း
May 9 2014
Labels: ပြေညိမ်းမိုဃ်း
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home