22 May, 2016

သက္ကရာဇ်၂၀၃၀

ငါ ဘာတွေးနေတယ်ဆိုတာ သိနေတယ်ဆိုတဲ့ အကြည်မျိုးနဲ့
ငါ့ကို မကြည့်ပါနဲ့ ။

မင်း ဖွဲ့စည်းပုံ
မင်း သ၀န်တိုတတ်ပုံလေး
ချစ်မိတယ် ။

မင်းကတော့
လိင်ဆက်ဆံချိန်မျိုးမှာတောင်
ကွန်ပျူတာကုဒ်တွေလို ငါ့ကို ဖတ်တယ်
ဘာသာပြန်တယ် ။

မင်း အကြည့်
မင်း အသံ
မင်း Application တိုင်းကို လှိုက်ဖိုမောရ
မင်းဟာ Apple ရဲ့ ဂုဏ်ယူဖွယ် ထုတ်ကုန်တစ်ခုလား ။

ငါ့ကို Googleရဲ့ နောက်ဆုံးမော်ဒယ်လို့ ထင်နေလား
လူလား စက်ရုပ်လား ?

လူလား စက်ရုပ်လား ဟုတ်လား
(ဘာပဲဖြစ်ဖြစ်) အဲဒါ အရေးကြီးလို့လား

ဒါပေမယ့် ငါ မင်းကို ချစ်ပါတယ် ဘေဘီ ။                   ။

ကိုသန်းထွန်း

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home