22 May, 2016

ခွေ့-ခွေ-ခွေး

ဝတ်ပုံစားပုံက `ရက်ပါ´
ဘောင်းဘီက လေးပုံ သုံးပုံ
အတွေးအခေါ်က အရှက်လုံရုံ
ကဗျာက `ကောင်းဘွိုင်´
မိုက်ရိုင်းတယ်
လက်တည့်တယ်

လူက `ဂျစ်ပစီ´
ခု တောင်လေးလုံး
ခု ပြင်သစ်သံရုံး
ကဗျာက `ဘိုဟီးမီးယန်း´
လွတ်လပ်တယ်
ရဲရင့်တယ်

ဝိညာဉ်က
ခု ယူကရိန်း
ခု ဆီးရီးယား
သမုဒ္ဒရာတစ်စင်းပြီး တစ်စင်းကူးလို့
လူထုရဲ့ ခြေပြင်းချချီသံဆီ...တဲ့

ပြောတော့ `ပို့စ်မော်ဒန်ကဗျာဆရာ´
နှလုံးသားက
`အမေချက်တဲ့ ချဉ်ပေါင်ဟင်းလေး´ ...တဲ့
`လွမ်းလို့´... တဲ့
အဲ့လို ကျေးလက်ကဗျာတွေနဲ့
အမေ့ခြေရင်း မြွေလိုခွေ
အမေ့ရင်ခွင် ကြောင်လိုခွေ့
ချွဲတတ်သေး

အမေအိုကြီးခမျာ
ဒီ ဒေါင်းဒိမောင်းဒိကြီး
ဒီ လေးလုံးခြောက်ဖက်ကြီး
ယုံရှာတယ်

`ခွေးကောင်လေးတဲ့´။

ကိုသန်းထွန်း
[ကြည်ဇော်အေး သို့]

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home