ကဗျာဆရာကွယ်လွန်ခြင်း
အရောင်တွေနဲ့ စီးနေတဲ့မြစ်ဟာ
သူ့ရဲ့ အသက်ဆက်တည်ခွင့် ထိုးဝါးတစ်ချောင်း...တဲ့
ဘ၀တွေက အကျနာလွန်းလှတယ်။
မျက်နှာကို ရှောင်လွဲလိုက်တယ်
အဖြူထည်ညနေခင်းက ပစ္စုပ္ပန်တည့်တည့်က အလွဲအမှားမှာ
၂ သျှီလင်နဲ့ ၅ ပဲနိလို့ ရေးထားတာတွေ့ရတယ်။
ဒီလောကီကို မှီတွယ်စရာ
ပျော်ရွှင်မှုဟာ အဓိကလား
ရေအိုးစင်လေးတွေမှာ ရေမရှိဘူး ။
ဟိန်းမြတ်ဇော်
ရနံ့သစ် ။ ဧပြီ ။ ၁၉၉၉
Labels: ဟိန်းမြတ်ဇော်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home