နံရံပေါ်ကစာကို အခုထိမဖြတ်ရဲဘူး
လက်ချည်းပဲ ။
အမြစ်တွယ်စရာမရှိ
မြွေက အ၀တ်တစ်စကို
ကျားတစ်ကောင်လို မြိုလို့
နှစ်ယောက်အိပ်ခုတင်ပေါ်
နောက်ဆုံးရ ကမ္ဘာ့သတင်းက
ဟောင်းသွားတယ်။
မနက်ဖြန်
ရန်ကုန်ကိုပြန်မယ်
သေရေးရှင်ရေးပဲ တွေးမယ် ။
ဟိန်းမြတ်ဇော်
ဖက်ရှင် ။ မတ် ။ ၂၀၀၃
No comments:
Post a Comment