18 November, 2015

ချစ်ခြင်း


ယေဘုယျအားဖြင့်
သူမနဲ့ ဝေးလံရတယ်လို့ပဲ
ထားလိုက်ပါတော့

ကြက်ပေါင်စေးလို လျှာတွေ
တွေ့ကရာ အမိအရ ခါယမ်းလှုပ်ချ

မထင်မှတ်ဘဲ
ပြုတ်ကျလာတာက
သမုဒ္ဒရာကြီးရဲ့ အထင်ကရ မတ်စောက်ပုံပဲ

ထပ်မံချဲ့ထွင်ရန် မလိုအပ်တော့ပါ
ကြံ့ကြံ့ခံ
တို့ ဘယ်လိုရှင်သန်ပေါက်ရောက်ကြတယ်ဆိုတာ

အိုအောင်
ရုပ်ရှင်တေးကဗျာ ။ စက်တင်ဘာ ။ ၁၉၉၁

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home