မျဉ်းဖြောင့်တစ်ခုရဲ့ရနံ့


အိပ်ပျော်သွားရင် နိဗ္ဗာန်
အိပ်မပျော်သေးရင် ငရဲ
ငါ့ဦးခေါင်းက ပူလောင်မှုကို မင်းရယ်မယ်။

အလကားနေ
ဘယ်သူမှ အဝေးကို ငေးနေမှာ မဟုတ်ဘူး။

ရုတ်တရက်
ငါ့အပေါ်က ဖြတ်သွားတဲ့ နွားပျံလို
အိမ်ပြန်ချင်ပေါ့။ ။

ခင်ဇော်မြင့်

No comments:

Post a Comment