Fuck you လို့ အသံကုန် အော်ဟစ်လည်း
တချို့တွေ လူချစ်လူခင်ပေါများနေဆဲပဲ။
စိတ်မပါပဲ ကျန်းမာချမ်းသာပါစေလို့ ရွတ်ပြရတဲ့
ငယ်ဘဝတွေကို တွေးတွေးပြီး ရွံရှာရတဲ့အခါ
မိန်းမကိုယ်ထဲ အဝှာ ဘယ်နှချောင်းဝင်ဝင်
သန့်စင်မှုကို ထိပါးလို့ ရချင်မှရမယ်လို့ ဖြေတွေးတွေးရတယ်။
ဒါနဲ့ ဒီမိုကရေစီရဲ့ အရသာကို
လုပ်ခလစာတိုးတဲ့အခါမှ
နည်းနည်းသိရတယ်ဆိုတဲ့ ကောင်မလေး
နေ့ချင်းညချင်း သူဌေးမကြီး တန်းဖြစ်သွားတာကတော့ များလွန်းတာပေါ့။
ဘုရားက
သတ္တဝါတိုင်းအပေါ် မေတ္တာထားဖို့ သွန်သင်ပါတယ်
ခက်တာက ဘယ်သူ့ကို သွားအပြစ်တင်ရမှာလဲ
မိုးလင်းတိုင်း အန္ဓတစ်ကောင်ရဲ့တေးချင်းကို
တရားခွေနဲ့ မှားမှားဖွင့်မိတယ်။
ကင်ဆာပဲ
ငွေရေးကြေးရေးဟာ
လည်ချောင်းတလျှောက်လုံး ယားယံတက်လာ၊
ချောင်းဆိုးတယ်
သလိပ်ဟပ်တယ်
အန်တယ်
ဒီလိုနဲ့ အသက်၂၀ကျော်ခဲ့။
ပျော်ရွှင်မှုကလည်း
လက်နဲ့အာသာဖြေရတာများလွန်းလို့ ပျော့တွဲကျနေပါပြီ
ဘာတစ်ခုမှ အဆင်မပြေဘူး
ရှင့်ကို အရမ်းချစ်တာပါဆိုတဲ့ ငါ့ရည်းစားက
ငွေစက္ကူပေါ်က ခြင်္သေ့ကို အငမ်းမရ နမ်းရှိုက်ပြသွားတဲ့နောက်
ဂစ်တာတွေဟာ တခါတလေ တီးဖို့မဟုတ်ဘူး
ရိုက်ခွဲပစ်လိုက်ဖို့ဆိုတာ
ငါ စတင်တွေ့ရှိလိုက်ရတယ် ။ ။
ဆစ်ခ်
အောက်တိုဘာ၊ ၂၀၁၅
No comments:
Post a Comment