ငါ့ဘဝ
င့ါပြဇာတ်မှာ
လက်ခုပ်တီးတိုင်းလှည့်ကြည့်မိခဲ့တဲ့နေ့ရက်များ
ငါအားထက် ရယ်(ရီ)အားသန်
ငါအဖန်ဖန်
သူအဖန်ဖန်
ဘာပါလိမ့်
စကြ၀ဠာတဆုံးကိုမျှော်ကြည့်သလို
ကျောင်းသွားမယ့်သမီးရဲ့ ပျက်နေတဲ့ထီးကို ပြင်ပေးလိုက်တယ်
ပြတ်နေတဲ့ဖိနပ်ကို ဆက်ပေးလိုက်တယ်
ကျနေတဲ့စိတ်ကို မြှင့်ပေးလိုက်တယ်
ငိုမယောင်မျက်နှာလေးကို ရယ်(ရီ)အောင်လုပ်ပေးလိုက်တယ်
သူမဟာ စာရွက်အလွတ်လို ရိုးစင်းတယ်
လောကကြီးက သပွတ်အူလို ရှုပ်ထွေးတယ်
“ခဏနေဦး သမီး
လမ်းမပေါ်မှာ မိုးသက်လေပြင်းကျနေတယ်
(ဒါမှမဟုတ်)
နောက်တစ်နေရာမှာလည်း ဖြစ်နိုင်တယ်”
မိန်းမရယ်
ခေတ်ပေါ်ဝဲဂယက်ထဲမှာ
မျှော်လင့်ချက်တစ်ခုတည်းနဲ့ စောင့်ကြည့်ရမယ့် အံ့သြစရာမျိုးမဟုတ်ပါဘူးကွာ
မရှိမဖြစ်လို့
မထင်လေနဲ့
ဘယ်သူမှ ဒီဘ၀ကြီးမှာ အရမ်းမလိုအပ်ဘူး
အရသာရှိတဲ့အဆိပ်ကို
နည်းနည်းချင်းစားလာခဲ့တာပဲ
ငိုစရာမျက်ရည်မလိုတော့ပါဘူး။ ။
ဝင်းမောင်
Showing posts with label ဝင်းမောင်. Show all posts
Showing posts with label ဝင်းမောင်. Show all posts
ငါ့လွယ်အိတ်
လူ့ဘ၀ရဲ့
တစ်ခုတည်းသောဖြစ်တည်မှုမှာ
မေးစရာရှိတဲ့ ပြဿနာတစ်ခုကတော့
ဘ၀မှာ
ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာပါပဲ
မင်းဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို သိရတဲ့အခါ
မင်းရဲ့ သေနေ့ ဘယ်တော့လဲကိုပါ သိနေရသလိုပါပဲ
ငါကတော့
ဒေါ်လာသန်း(၂၀)ဖိုးလောက်
တန်ဖိုးရှိမယ်ထင်ပါတယ်
အဲဒီအတွက်
ငါလည်း
နောက်ဆုံးကျန်တဲ့ ဒေါ်လာတပြားအထိ
ငါ့ဘ၀ကို ငါပြန်ရဖို့အတွက် ဖြေရှင်းနေပါတယ်
မင်းမယုံပါနဲ့
ငါလည်း မယုံပါဘူး
ကြည့်စမ်းပါ့
လွယ်အိတ်ထဲမှာ
ရေးလက်စကဗျာတွေရယ်
စိပ်ပုတီးရယ်
ဓားရယ် အဲဒါတွေပါတယ်
သူတို့ကျမ်းရဲ့ အဆိုအရတော့ အမှန်တရားမှာ ခြွင်းချက်ရှိသတဲ့
မင်း ဘယ်လိုသဘောရသလဲ ။
ဝင်းမောင်
နှင်းဆီဖြူ ၊ စက်တင်ဘာ ၊ ၂၀၁၄
တစ်ခုတည်းသောဖြစ်တည်မှုမှာ
မေးစရာရှိတဲ့ ပြဿနာတစ်ခုကတော့
ဘ၀မှာ
ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာပါပဲ
မင်းဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို သိရတဲ့အခါ
မင်းရဲ့ သေနေ့ ဘယ်တော့လဲကိုပါ သိနေရသလိုပါပဲ
ငါကတော့
ဒေါ်လာသန်း(၂၀)ဖိုးလောက်
တန်ဖိုးရှိမယ်ထင်ပါတယ်
အဲဒီအတွက်
ငါလည်း
နောက်ဆုံးကျန်တဲ့ ဒေါ်လာတပြားအထိ
ငါ့ဘ၀ကို ငါပြန်ရဖို့အတွက် ဖြေရှင်းနေပါတယ်
မင်းမယုံပါနဲ့
ငါလည်း မယုံပါဘူး
ကြည့်စမ်းပါ့
လွယ်အိတ်ထဲမှာ
ရေးလက်စကဗျာတွေရယ်
စိပ်ပုတီးရယ်
ဓားရယ် အဲဒါတွေပါတယ်
သူတို့ကျမ်းရဲ့ အဆိုအရတော့ အမှန်တရားမှာ ခြွင်းချက်ရှိသတဲ့
မင်း ဘယ်လိုသဘောရသလဲ ။
ဝင်းမောင်
နှင်းဆီဖြူ ၊ စက်တင်ဘာ ၊ ၂၀၁၄
Subscribe to:
Posts (Atom)