နှင်းမြူတွေက
နေရောင်ခြည် မပေါ်ပေါက်သေးခင်
သမိုင်း အစကို သင်ကြားပေးတယ်။
သစ်ရွက်တွေက
ခုံတန်းလျားပေါ်မှာ
စောင့်ရင်းဆွေးတယ်။
အိပ်မက်တွေက
လေနဲ့ ထိတွေ့မှု မရှိ
အခြပ်လိုက်ကြီး သရုပ်ဆောင်နေတယ်။
ရေငွေ့ရိုက် မှန်ထဲကနေ
ကျီးကန်းတွေဖြူဖျော့။
ဒီအကြောင်းတွေ ပြောပြဖို့
ကျနော် ဝန်လေးပါတယ်။ ။
ဝင်းမြင့်
No comments:
Post a Comment