အဖေ ၈
ဖုန်းတွေ ပိုကောင်းလာလေလေ
လက်ကထဲ လွတ်ကျလေလေ ၊
Hellboy ရဲ့ဖုန်းလိုပဲ
ဖုန်းကိုင်လိုက်တိုင်း မှန်အက်အက်သွား
အဖေ့အကြောင်းပြောနေရင်း
အဖေ့ဖုန်းတွေဝင်ဝင်လာတော့
ဝင်လာတဲ့ဖုန်း ပြန်ဆွဲဆွဲချခဲ့မိလို့
အခု
ကျွန်တော်လေ
ပိုလို့တောင်အက်ကွဲကြေမွသွားသေးတယ် ။ ။
စိုင်းဝင်းမြင့်
၂၀၁၉ ၂၀၂၀
Labels: စိုင်းဝင်းမြင့်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home