မျက်မြင်သက်သေ
သွားမလုပ်နဲ့
ကြည့်မြင်တိုင်များ သွားမလုပ်နဲ့ ကိုစောညိန်းတောင် ရိုက်သတ်တာ
သွားမလုပ်နဲ့
ကန့်ဘလူများ သွားမလုပ်နဲ့ သိပ္ပံမောင်ဝတောင် သတ်ပစ်တာ
သွားမလုပ်နဲ့
သွားမလုပ်နဲ့
ဖားကန့်များ သွားမလုပ်နဲ့ ပိုင်သလည်း အသတ်ခံရတာ
သွားမလုပ်နဲ့
သွားမလုပ်နဲ့
သွားမလုပ်ကြနဲ့
အဲဒီတိုင်းပြည်များ လူသွားမလုပ်မိကြလေနဲ့
ဖော်ဝေးတွေ မောင်ချောနွယ်တွေ မြို့မငြိမ်းတွေ ဒေါ်မန္တလာမြင့်တွေ
လူချမ်းသာကြီးတွေ
လူကြားထဲ
သူတို့ပိုင်ဆိုင်သမျှ အကုန်ချွတ်ပေးထားခဲ့ရတာ ။
ကြည်ဇော်အေး
၁၆ မတ်လ ၂၀၁၇
Labels: ကြည်ဇော်အေး
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home