အဆိုးရွားဆုံး အိပ်မက်ထဲမှာ

ငါ့ အဆိုးရွားဆုံး အိပ်မက်ထဲမှာ
မင်းဟာ တောက်ပတဲ့မျက်လုံးတွေနဲ့
နှလုံးသား အုတ်မြစ်ချထားတဲ့
နံရံတွေဘေးမှာ အမြဲရပ်နေတယ်။

ငါ လုပ်ခဲ့သမျှ အရာတွေ အားလုံးထဲ
ခွဲခြာခြင်းဟာ ရှောင်လွဲလို့မရတဲ့ အရာပါ။

ငါ့ အိပ်မက်တွေထဲမှာ အသံတစ်သံ အမြဲကြားယောင်တယ်။
အဲဒါ ငါ့ အသံမဟုတ်
မင့် အသံလည်းမဟုတ်
မင့် အသံက မွေးဖွားလာတဲ့ သားသမီးလည်း မဟုတ်။

မျက်လုံးတွေ တိမ်ဝင်။ ငါ့ မျက်လုံးတွေဟာ 
မောပန်းနေတဲ့ သားရဲမျက်လုံးတွေလို
ညနှင့်အတူ ကျော်လွန်ကုန်ဆုံးသွားတဲ့
နေ့တွေကို ငတ်မွတ်တမ်းတ။

မင်းဘေးမှာ ငါ အိပ်နေတုန်း ငါ သတိမထားမိခင်အချိန်မှာ
နေ့တွေက ငါ့ရဲ့ အချစ်မျက်နှာဖုံးကို ခွာချ
ငါ့ရဲ့ သေခြင်းမျက်နှာဖုံးကိုလည်း ခွာချ
အဲဒါကမှ ငါ့ မျက်နှာအစစ်။

ဇေလင်းမောင်
In my worst dreams By Yehuda Amichai

No comments:

Post a Comment