မင်းအသံကို ငါကြားတဲ့အခါ
နားရွက်တွေကို ဆောင့်ပိတ်ပစ်မယ်။
မင်းမျက်နှာကို ငါမြင်တဲ့အခါ
မျက်လုံးတွေကို မောင်းထုတ်ပစ်မယ်။
ငါဟာ
ယောင်္ကျားတစ်ယောက်ရဲ့ အစမ်းစီးခံရတဲ့
ဖိနပ်တစ်ရန်ပဲ။
ငါက
သစ္စာတရားနဲ့ ချစ်ခြင်းမေတ္တာကို
ပိုးမွေးသလို မွေးတယ်။
မင်းက
အပျော်အပြက်နဲ့ ချစ်ခြင်းမေတ္တာကို
ရွှေဆွဲကြိုးလို ဆွဲတယ်။
ငါ့အချစ်ကိုသတ်ပြီး
ငါ့ဘဝကို ခုတ်ပါ။
ငါ့သီချင်းကို ယူပြီး
တခြားရင်ခွင်မှာ ဆိုပါ။
သစ္စာမဲ့တဲ့လျှာတစ်ချောင်းရဲ့ လက်ခုပ်မှာ
စိတ်က
သိုးတစ်ကောင်လို မသိမ်မွေ့ချင်တော့ဘူး။
မီးသီးကွဲသလိုပေါ့
ဒီတစ်ခါ ခွဲခွာခြင်းဟာ
ဘယ်တော့မှ ပြန်ဆက်စပ်လို့မရတဲ့
အပိုင်းအစ အမှုန့်တွေအဖြစ်နဲ့သာ။ ။
ဥတ္တရာအောင်
No comments:
Post a Comment