မိုးသစ်တိမ်
မိုးသစ်တိမ်ကလေးရေ
မင်းနဲ့ငါ တစ်ယောက်ကိုတစ်ယောက်
မရိုးခဲ့ကြဘူး ။
မိုးသစ်တိမ်ကလေးရေ
မင်းနှလုံးသား စီးဆင်းရာဆီ ငါလာခဲ့ပါတယ် ။
မင်းလည်းပဲ ငါ့နှလုံးသား စီးဆင်းရာဆီ လာခဲ့ပါတယ်
မတည်ငြိမ်တဲ့ အချိန်ထဲမှာ
ငါတို့တွေ အိမ်ရာဖွဲ့မိခဲ့ကြတယ် ။
မိုးသစ်တိမ်ကလေးရေ
မင်းနဲ့ငါနဲ့ တစ်ခုမှ မတောင့်တတော့
နှစ်ခုရတယ်
တစ်ခုလောက် တောင့်တမိတဲ့အခါကြတော့
တစ်ခုမှ မရခဲ့ကြဘူးလေ ။ ။
မောင်ချောနွယ်
Mandalay ICON
သြဂုတ် ၊ ၂၀၁၁
Labels: မောင်ချောနွယ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home