22 May, 2016

ကမ္ဘာနှင့် မှော်မဝင်သည့်သင်္ကေတများ

အခုလို
စာမျက်နှာတွေလောင်ကျွမ်းရုံ
အထ္ထုပ္ပတိတွေဆန်းစစ်နေတာပဲ။
အစီအစဉ်အရ
ခမ်းနားစွာစတင်လိုက်ရာ
သဘာဝတရားဟာ
ပွဲတော်ကိုရှည်လျှားစေခဲ့။
မကြာတော့ပါဘူး
မကြာမြင့်တော့ပါဘူး...
စကားလုံး ကတိ ရယ်မောသံ
ဘာသာဗေဒမြင့်မားပုံဟာဖြင့်
အတတ်ပညာရူထောင့်မှ
သရုပ်ဖေါ်ဖို့ပဲလိုတော့တယ်။
ရာသီတွေသွေးပျက်ခဲ့
လေဝင်လေထွက်မကောင်းတဲ့နေ့စွဲတွေနဲ့
ပြက္ခဒိန်တစ်ချပ်
စိုးရိမ်ရေမှတ်ကိုကျော်လာသောအခါ ။

ဝင်းဇော်လွင်
ရှေ့ပြေးမဂ္ဂဇင်း ဇွန်လ ၁၉၉၄

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home