တိုင်မှာ တိုင်စရာမရှိပါ
အဲဒီနေ့က
ဥက္ကဌကြီးဟာ မိန်းမနဲ့စကားများလာပုံရတယ်
ရုံးရောက်တော့
(အကြောင်းမရှိအကြောင်းရှာ)
မန်နေဂျာကိုဟောက်တော့တာပဲ
မန်နေဂျာကလည်းဘယ်ရမလဲ
လက်အောက်က လက်ထောက်ကိုငေါက်တာပေါ့
လက်ထောက်ကလည်း ဘယ်ရမလဲ
သူ့အောက်ကစာရေးမကိုဆူတာပေါ့
စာရေးမကလည်း ဘယ်ရမလဲ
သူ့အောက်က ပြွန်းခေါ်,ပြာတာခေါ်
ရုံးစေကို ပွမ်တာပေါ့
ရုံးစေကလည်းဘယ်ရမလဲ
သူ့ဘေးနားလှဲအိပ်နေတဲ့ ခွေးကို
နံဘေးပိတ်ကန်တာပေါ့
"ကိန်"ကနဲ အသံကြားလိုက်အပြီး
ခွေးကလည်း ဘယ်ရမလဲ
ခွေးနည်းခွေးဟန်နဲ့ခွေးပြဿနာကို ဖြေရှင်းရှာတယ်
သူ့ဘေးနား တောင့်တောင့်ကြီးမတ်နေတဲ့တိုင်ကို
သေးနဲ့ကပ်ပန်းတာပေါ့
ငုတ်တုတ်မေ့တယ်ဆိုတာ ဒါကိုပြောတာလားမသိဘူး
တိုင်ကြီးခမျာ ပါးစပ်အဟောင်းသား
တိုင်စရာမရှိငုတ်တုတ်ပေါ့
အားလုံးကို ခြုံပြီးပြောရရင်
အဲဒီနေ့က မန်ယူနဲ့အာဆင်နယ်ပွဲမှာ
ကြားထဲက ချယ်ဆီးဖလားရသွားသလားပဲ။ ။
လူအိမ်
၂၀၁၂ ၊ စက်တင်ဘာ။Beauty မဂ္ဂဇင်း။
Labels: လူအိမ်
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home