26 March, 2016

ရှင်းသလားဆိုတော့

ကိုယ်မပြောသင့်ဘူးဆိုတာ သိပါတယ်
ဒါဆို မင်း သဘောပေါက်မှာပါ
ကိုယ်က ကြောင်ပြီး ရစ်နေတယ်ထင်လို့လား
ဟင် မင်း ထင်နေလို့လား ကိုယ်က ကြောင်မဟုတ်ပါဘူး
ကဂျီကကြောင်လည်း မဟုတ်ပါဘူး
ဆန်းတာက
မင်းအိမ်မှာ ကြောင်တွေအများကြီးမွေးထားတဲ့
အဓိပ္ပာယ်ကို ကိုယ် သဘောမပေါက်ဘူးလို့ ထင်လို့လား
ကိုယ် သဘောပေါက်ပါတယ်
ကိုယ် သဘောပါပါတယ်
ကိုယ့်အနေနဲ့ မင်းနားလည်အောင် ဘယ်လိုပြောရမလဲ
မင်းအနေနဲ့ ကိုယ်နားလည်အောင် ဘယ်လိုပြောရမလဲ
သက်တူရွယ်တူသီးပွင့်ခဲ့ကြတာချင်းအတူတူ
ကိုယ်က တမူးဖိုး ပိုရှူနေတယ်ထင်လို့လား
အရည်လည်း မလွတ်စေရ
အငွေ့လည်း မလွတ်စေရ
ကိုယ်တို့လူငယ် လမ်းမတွေ တံလျှပ်ထနေခဲ့တာ
ကိုယ်တို့ရုပ်ရှင်ကားတွေ မှုန်ဝါးနေခဲ့တာ
ကိုယ်သဘောပေါက်ပါတယ်
ကိုယ်သဘောပါပါတယ်
ဖန်ခွက်တွေ ကွဲသွားအောင် အော်ဟစ်ခဲ့ကြတာ
စာရွက်အလွတ်တွေ ဆွဲဖြဲပစ်ခဲ့ကြတာ
မင်းအနေနဲ့ ကိုယ်သဘောပေါက်အောင် ဘယ်လိုပြောမလဲ
ကိုယ့်အနေနဲ့ မင်းသဘောပေါက်အောင် ဘယ်လိုပြောမလဲ
ခက်တယ် သက်လယ်မျက်ခြယ်
ဘယ့်နှယ့်လဲကွယ်
ကိုယ်တော့ဖြင့် ။

ကြည်ဇော်အေး
၂၀၁၀၊ စက်တင်ဘာ၊ ရတီ

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home