29 January, 2016

မြို့

တောသားဆိုတော့
ဈေးရှိလျှင်
ကတ္တရာလမ်းရှိ
ကားတွေ တိုက်တွေရှိရင်
မြို့လို့ထင်ခဲ့။

နောက်
လမ်းဘေးမှာ
ကျွတ်ကျွတ်အိတ်အထွေးလိုက်
မိန်းကလေးတွေ
ဘောင်းဘီတို ရှည်ဝတ်
ဆံပင်ရောင်စုံရှိတဲ့နေရာ
အဲဒါမြို့။

နောက်
Inn , Motel
Hotel, တည်းခိုခန်း
ပန့်ဆိုင်နဲ့ ဘီယာဆိုင်
မြို့ဝင်ကြေးဘီးခွန်နဲ့
Toll Gate တွေမှာ မီးရောင်လင်းနေရင်
ဟိုး.... အမှောင်နောက်မှာမြို့။

ခုတော့
တစ်ဆက်ရှင်
ရိုးရိုး ၆၀၀၀
ဆီလိမ်း တစ်သောင်း
၂ဆက်ရှင်ဆို
ဒီမှာ ညအိပ်သွားလို့ရတယ်အစ်ကို

ဒို့မြို့တွေလည်း
အဲဒီလောက်တောင်
ညောင်းညာကိုက်ခဲနေပါရော့လား။

ဒါမှ မြို့ အစစ်။

မောင်မှိုင်းလွင်(အင်းဝ)

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home