29 January, 2016

အခန်းထဲမှာ အပြင်ဘက်မှာ

ငါဘုရားဖြစ်ရင် မင်းတို့ကို မမေ့ဘူး
ပိုးမွှားတွေပြည့်နေတဲ့ အသားအိတ်ကြီးကို
အခန်းထောင့်မှာ မူးခွေပြီးလဲနေတဲ့သူငယ်ချင်းကထအော်တယ် ...။

အရက်တစ်လုံးကုန်တိုင်း ပုလင်းလွတ်ကိုနံရံဆီပစ်ခွဲလိုက်တဲ့အခန်းထဲမှာ
ဖော်ဝေးနဲ့မပြီးလို့ ရှေ့ဆက်ရတယ်
ပီကာဆိုနဲ့မပြီးလို့ ရှေ့ဆက်ရတယ်
ဘွန်ဂျိုဗီနဲ့မပြီးလို့ ရှေ့ကိုဆက်နေရတယ်
ငါ့သူငယ်ချင်းအော်သံကလည်း မပြီးသေး။

ငါဘုရားဖြစ်ရင်
ငါဘုရားဖြစ်ရင်
ငါဘုရားဖြစ်ရင်...။

နှာခေါင်းထဲအနံ့တစ်ခုရနေတယ်
ကတ္တရာလမ်းပေါ်က ကားနှစ်စီးတိုက်မိတဲ့အနံ့
အနံ့တွေထဲမှာ ငါအကြိုက်ဆုံးက
ကိုယ်ရေပြားရောဂါကူးစက်ခံလိုက်ရတဲ့
မာသာထရီဇာရဲ့ ကိုယ်နံ့ပဲ။

သူ့အမှားကို သင်ခန်းစာယူဖို့
ကလင်တန်က သူ့အတွင်းရေးမှူးမလေးနဲ့လိင်ဆက်ဆံရင်း ပြောနေတယ်
ကျီးကန်းက ဒင်္ဂါးပြားကို
ခွေးတစ်ကောင်လို ကိုက်ချီလာတော့
မှင်တက်လွန်းလို့
မူဆိုလီနီပါးစပ်ထဲက အသားတစ်ဟာပြုတ်ကျသွားတယ်
အဲဒီအသားတစ်က
ကလင်တန်နဲ့ လိင်ဆက်ဆံနေတဲ့အတွင်းရေးမှူးမလေးပေါ့
အခုခင်ဗျားအရသာရှိဖို့ ကြိုးစားအားထုတ်နေရတဲ့
သဲနဲ့ရှပ်ရှပ်ကဗျာပေါ့ ...။

မောင်ဖီလာ
idea ။ ဂျွန် ။ ၂၀၁၄

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home