16 November, 2015

ကောင်းကင်ရဲ့ အကြွေစေ့များ


ထစ်ခြုန်းမှုများ
မရေနိုင် မတွက်နိုင်

မိုးသားကိုယ်တိုင်
သူ့ မိုးခြိမ်းသံ
သူ ပြန်ထိတ်လန့်နေရဲ့

အချိန်အခါမရွေးတဲ့
အလွမ်း တဖွဖွရဲ့ အသံက
လျှပ်စီး တဖျတ်ဖျတ်လက်လို့

မိုးရွာမယ်ဆိုပါတော့
နှလုံးသားဟာ
နှလုံးအိမ်ထဲမှာလား?
နှလုံးအိမ်အပြင်မှာလား

မေတ္တာရပ်ခွင်တစ်နယ်လုံး
မှိုင်း ညှို့အုံ့ဆိုင်းနေဆဲ ။

မောင်သိန်းဇော်
(၂၀၁၄)

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home