နှလုံးသား
စိန်ပန်းတွေလို ရဲရဲမပွင့်ရဲတော့ ငါ့မှာ
စိန်ပန်းပင်အောက် သွားထိုင်နေမိတယ်
ဒီလမ်းလေးပေါ်
ဟိုတုန်းက မင်းလျှောက်သွားတော့
ယိမ်းထိုးလှုပ်ခတ်ခဲ့ရတာ
မင်း လွယ်အိတ်အမြီးလေးတွေရယ်
ငါရယ်
ခု . . . စိန်ပန်းပင်လို သတ္တိမရှိတော့
ညနေခင်းကြယ်လေးတစ်ပွင့်ကို
မင်းနာမည်ပေးပြီး ငေးရတယ် ။
မင်းဒီ
Labels: မင်းဒီ
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home