03 October, 2015

မေးခွန်းများသို့


ကျွန်တော် ထုတ်လွှင့်နေသည်မှာ
ခေတ်ပေါ်အနုပညာ မဟုတ်
ခေတ်ပေါ်ကဗျာ မဟုတ်၊ ကဗျာ မဟုတ်
ဝတ္ထု မဟုတ်၊ စကားပြေ မဟုတ်
ဘာမှ မဟုတ်။

ဘာမှမဟုတ်, ဟုတ်လား
ဘာမှ မဟုတ်ဘူးလား။

မပြည့်စုံဘူး
အပြည့်အစုံက
ဘာမှမဟုတ်ကို ရွှေဖြစ် “အဂ္ဂိရတ်” ထိုးတာ။

ဒါဖြစ်ရင်
နို့
လှုပ်လှုပ် လှုပ်လှုပ် လှုပ်လှုပ် လှုပ်လှုပ် လှုပ်လှုပ်
လုပ်ပြီးရင်း လုပ်
လုပ်ပြီးရင်း လုပ်
ခင်ဗျား အလုပ်လုပ်နေတာ
ကျွန်တော်တို့ မျက်မှောက်မှာ
စာကြောင်းတွေစီ
စာကြောင်းတွေသီ။

အဲဒါ
အေး
ငါလုပ်တာ လိုက်မလုပ်နဲ့
မင်းလုပ်ချင်တာ မင်းလုပ်။    ။

အောင်ချိမ့်

Labels:

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home