တယ်လီဖုန်းခေါ်သံ
နည်းပညာတစ်ဝက်၊မျှော်လင့်ခြင်းတစ်ခြမ်း
ကမ္ဘာသုံးဘာသာစကားတစ်ခြမ်း၊သမိုင်းတစ်ဝက်
ကျွန်တော်ခေတ်နဲ့ကျွန်တော်
ပင်လယ်လည်းပင်လယ်အလျောက်
တောင်တန်းလည်းတောင်တန်းအလျောက်
တစ်မျှော်တစ်ခေါ်ကြီးပေါ်မှာ
ကျွန်တော်လည်း တစ်မျှော်တစ်ခေါ်ကြီးဖြစ်လိုက်ရဲ့။
ရောရောထွေးထွေးပါ။
တစ်နေ့လုံးမှားအောင်နေပြီး
တစ်နေ့လုံးမှန်နေရင် မနေတတ်တဲ့ အတ္တ။
အရောင်ရှိရာလာပြီး
အနံ့နဲ့အရသာကို နည်းနည်းပဲယူလာသူရဲ့ ဆန္ဒ
မတော်တဆတွေ ခဏရပ်
ခေတ္တခဏ။
အိမ်ရှေ့က အမှန်တရားလား။
နှစ်အိမ်ကျော်က လောကဓံလား။
အိမ်ပိုင်ရှင်ပန်းချီဆရာလား။
ဟိုးလမ်းထိပ်က ကဗျာဆရာလား။
ဟဲလို
ပြောပါ
သူငယ်ချင်းငါးမိုင်၊ဘ၀ငါးမိုင်
စိတ်ကူးငါးမိုင်၊အပျင်းပြေငါးမိုင်
ဟုတ်ကဲ့
ကျွန်တော်ဆက်ဆက်ပြောလိုက်ပါမယ်။ ။
ပြေမြင့်
မြားနတ်မောင်၊ဂျူလိုင်၊၂၀၀၃၊
Subscribe to:
Post Comments (Atom)
No comments:
Post a Comment