ကမ္ဘာကြီးနဲ့ငါ
အရပ်အမောင်း၊ကိုယ်လုံးကိုယ်ထည်နဲ့
အဆင်ပြေနေတဲ့ အင်္ကျီတစ်ထည်
မဖြစ်ခဲ့။
ကန်ထဲကို ဒိုင်ဗင်ထိုးချလိုက်တော့
ရေပြင်ရဲ့ ယုယမှုမှာ
ငါ မမျှားနိုင်ခဲ့သော ငါးများ
ဆေးရောင်စုံလွတ်မြောက်သွားကြတာ
မြင်လိုက်ရရဲ့။ ။
သုခမိန်လှိုင်
ရုပ်ရှင်တေးကဗျာ၊ဇူလိုင်၊၂၀၀၁
No comments:
Post a Comment